သေတွင်းဟာ နှလုံးခုန်လက်စ ခန္ဓာကိုပဲ မျှော်လို့ 
Saturday, May 21, 2011
အမြတ်တနိုးရှိခဲ့ပြီး တန်ဖိုးထားအပ်သလို ထားသင့်ခဲ့တဲ့ ခံစားသမှုနဲ့ ဒြပ်မဲ့စိတ်
ဓာတ်ပြယ်စ ပြုနေတဲ့ဘ၀ထဲက ရနံ နဲ့ သူ့ သေတွင်း သူတူးခဲ့တဲ့ ကဗျာ
တစ်ဖက်မရ တစ်ဖက်လက်နဲ့  ခင်ဗျားခံယူဖို့  ပန်းကန်ပြားတွေမလိုဘူး
ကျွန်တော်တို့ ဟာ အလှူကြီးပေးနေတာမဟုတ်သလိုပါပဲ
ကဗျာဟာ သူ့ ပန်းသူပျိုး သူ့ ပန်းသူ ပန်ထားတာကို မနာလိုမရှုစိမ့်
တစ်ခြားသူရဲ့ရင်ခွင်ထဲ ပစ်ဝင်လိုက်တယ် ... ဘာ ... ဘာ
အစောန က ခင်ဗျားဘာပြောလိုက်တယ်
ရင်ခွင်ဆိုတာ မုသားနဲ့ ထုထားတဲ့ အမှန်တရား
သေသွားရင် သေသွားတာပဲရှိမှာပေါ့ ဘယ်မှာလဲ အမှန်တရား
မျက်နှာချင်းဆိုင်တွေ့ မှ ဘုရားသခင်ဟာ လှည့်ထွက်သွား
ကြည့်ပါဦး သေနေလိုက်တာ မျက်နှာလေးဟာ အေးချမ်းလို့ 
မှန်ဘောင်ထဲ အကျအနသေနေတာ မျက်နှာသေလေးနဲ့ 
အသံမကြားတော့ဘူး နှလုံးခုန်သံမကြားတော့ဘူး
ကိုယ့်ဖ၀ါးနဲ့ ကိုယ့်လမ်းကိုယ် လျှောက်ရမယ့်အစား
ပါးပြင်တစ်လျှောက် မိတ်ကပ်တွေသာကွပ်ကြား လိုက်လို့ 
ဇောင်းလူ ( F.E.P.B ) သေပြီ ရှင့် လို့ ပြောရတော့မယ်
သေတွင်းမှာ ကဗျာဟာ နှလုံးခုန်ကျန်ရစ်
ယူပါ ရော့ယူလိုက် ... မယူရင် ပစ်လိုက်မှာ
ဘာလဲ ... နှလုံးအသေနဲ့ ကောင်
မေးထူးခေါ်ပြောဖော်လောက် ဆို မသိချင်ယောင်ဆောင်လို့ 
အနာဂတ် ၀တ်လစ်စလစ်နဲ့  လျှာထုတ်ပြောင်ပြနေတာ
အမြဲပြောတဲ့စကားတစ်ခွန်းက သေရမှာ မကြောက်ဖူး
အသက်ရှင်ဖို့ ဓာတ်မဲ့နေပြီပဲ ဘာလို့ ခုန်နေဦးမယ့်နှလုံးသား
ဇောင်းလူ သနားပါတယ် … တကယ်သနားဖို့ ကောင်းပါတယ်။
ကဗျာရေးသူက သူ့ ကိုယ်သူသနားလိုက်တယ် …. ။
သေတွင်းကတော့ နှလုံးခုန်လျှက်ရှိနေဆဲ …..။