ဓာတ်ဖို ဓာတ်မ ဘယ်ဓာတ် မဆိုပေါ့
Wednesday, May 18, 2011
ပြောခဲ့တဲ့စကား ချော်လွဲသွားပြီ ။
ခင်ဗျားကိုယ် ခင်ဗျားအဆိပ်ခတ်သယောင် ယတ်ခတ်သယောင်
အခု ပူလောင်နေတယ် မဟုတ်လား ။ မှုတ် ... မှုတ် ... မှုတ် ....။
ကျွန်တော်မသိတဲ့ သူနဲ့ ကျွန်တော် သိတဲ့သူ သူနှစ်ယောက်လုံး
သူတို့ ချကြတော့မယ် သူတို့ ခွကြတော့မယ် သူတို့ ....ကြတော့မယ်။
လိင်ကိစ္စတစ်ခုတည်း မဟုတ်ရပါဘူး ..... ငွေကြေးနဲ့ 
ခင်ဗျား အိပ်နေရင်းနဲ့ ဘာတွေ လျှောက်ပြောနေတာလည်း
ဘာ ရလား .... ဒီမှာ ကျုပ်ကဗျာ ရေးကောင်းနေတယ်လေ
ခုဏက လျှပ်စစ်ဓာတ်အားပေး စက်ရုံအကြောင်း ဆက်ပြောကြမယ်
ပလတ်စတစ်ဟာ ကင်ဆာဖြစ်မှုကို ပိုမိုများပြားနိုင်တာ ခင်ဗျားသိလား
ဥပမာ မီးလောင်ရာ အောက်စီဂျင်ပင့်သလိုပေါ့ ခလေးပြောပြောပါ
နေ့ လည်က တစ်လမ်းကျော်မှာ ဓာတ်လိုက်ပြီး သူ သေခဲ့တယ်
ကိုယ့်ဓာတ်ကြိုးကိုယ်ကိုင်ပြီး သေတာပဲ သေရုံထက် ဘာဖြစ်ဦးမလဲ
ဒါကိုပဲ ပတ်ဝန်းကျင်က ပြောစရာစကား လုပ်ချင်ကြသေးရဲ့
ဓာတ်ကြိုးခမျာ အ၀တ်တွေလှန်းရတာနဲ့  ငှက်တွေနားရတာနဲ့ 
ဓာတ်အားတွေစီးဆင်းရတာနဲ့  မအားလပ်ရတဲ့ အချိန်တွေမှာ
ခင်ဗျားရဲ့စကားသံတွေကိုပါ နားထောင်ပေးနေရရှာတာ
ခင်ဗျား ဓာတ်ကြိုးကို မသနားဘူးလား ........... ။
ဓာတ် ... ဓာတ်စာမပြည့်သေးတဲ့ ဓာတ်တိုင်က ဓာတ်ကြိုးမှာ
ခင်ဗျားတို့ ဘ၀တွေကိုလည်း စိတ်ကြိုက် နေလှမ်းလို့ ရနေတာပဲ
အားအားယားယား စာမျက်နှာပေါ်မှာ ကိုယ့်ဘ၀ ကိုပြန်ခြစ်ရတယ်လို့ 
ဒီနှစ်ဖေဖော်ဝါရီမှာ နှစ်ဆယ့်ကိုးရက်နဲ့ အဆုံးမသတ်တာ ကံကောင်းတယ်
နို့ မို့ ဆို ကျွန်တော် သေဖို့ အတွက် တွေးပြီးကြောက်နေရဦးမယ်
ကမ္ဘာကြီး တစ်နှစ်မှာ ဘယ်တော့ နှစ်ကြိမ် လည်ပတ်မလဲ တွေးတယ်
လိ(ပ်)ရီးယား ကိုကြောက်တဲ့စိတ်က အခုဆို 23 နှစ်ပြည့်သွားခဲ့ပြီ
မွေးနေ့ မလုပ်ဖူးဆိုတာက သေဖို့  ခမ်းခမ်းနားနားမှ မဖြစ်သေးပဲ
ခင်ဗျားပြောခဲ့ဖူးတဲ့ ခန္ဓာဗေဒ အကြောင်းအရာတွေလိုပါပဲ
ကဗျာတွေခမ်းနားမှ ကဗျာဆရာတွေခမ်းနားလာတော့မယ့် ခေတ်
1988 တုန်းကလို သေနတ်အဖြစ် ကဗျာတွေကို ထမ်းထားချင်ခဲ့တာ
ကဗျာဆရာမို့ လို့  စတယ်နောက်တယ် သဘောထားပေါ့
အဲ့တုန်းက ကျွန်တော်ဟာ မွေးကင်းစရင်ခွင်ပိုက်သာသာလေးပဲ
အခုတော့ သုံးရာသီစာ မဖူမလုံနဲ့ သေနေ့ စောင့်နေခဲ့ရပြီ
မျက်နှာဖုံးတပ်ပြီး သေမင်းကို ပုန်းလို့ ဖြစ်မယ်ဆိုရင်ပေါ့
နောက်ဆုံးပေါ်ကားသစ်ကြီး လာဘ်ဆောင်ပေးပါရစေဗျာ
ဓာတ်လိုက်ပြီးတော့သာ မသေရရင်ပြီးရော ........... ။
ခင်ဗျားလည်း ယဉ်/လမ်း စည်းကမ်းသတိထားဦး .......... ။
0 comments:
Post a Comment